Miss NOK Air ဆုရှင် တစ်ယောက်ဖြစ်သူ အလှမယ် ပိုးစန္ဒာခင် ရုတ်တရက် ကွယ်လွန်





Miss NOK Air ဆုရှင် တစ်ယောက်ဖြစ်သူ အလှမယ် ပိုးစန္ဒာခင် သည် ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ ပိုးစန္ဒာခင်သည် ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ အကယ်ဒမီ ဆုပေးပွဲတွင် ရွှေကြို တစ်ယောက်ဖြစ်ပြီး Miss Myanmar World 2016 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း Top 5 အထိ ရောက်ရှိခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ကွယ်လွန်ခဲ့ရသည့်အကြောင်းရင်းမှာ မနက်ပိုင်းတွင် GYM ဆော့ရန်သွားခါနီးအချိန်တွင် ရုတ်တရက် မူးမေ့လဲကျသေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးရခြင်း၏ အကြောင်းရင်းကို မိသားစုဝင်များထံ စုံစမ်းမေးမြန်းလျက်ရှိသောလည်း ယခုထိ တစ်စုံတစ်ရာ မသိရှိသေးပေ။
Share on Google Plus

About Unknown

Thank you for visiting our site. we support you to look beautiful girl.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment